အရည်အသွေးမကောင်း စိတ်မချရတဲ့ ကိုယ်ဝန်တားဆေးကတ်တွေ သုံးနေတုန်းလား

ဟယ်လို.......
ကိုယ်ဝန်တားဆေး ရွေးတာက နှုတ်ခမ်းနီ ရွေးသလိုပဲ အရည်အသွေးကောင်းပြီး ကိုယ်နဲ့ အလိုက်ဖက်ဆုံးကို ရွေးနိုင်ဖို့ လိုပါတယ်နော်။ ဒါကြောင့် နေ့စဉ်သောက် ကိုယ်ဝန်တားဆေးကို ရွေးတဲ့အခါ အရည်အသွေးကောင်းပြီး ကိုယ့်အတွက်လဲသင့်တော်တာကို ရွေးနိုင်ဖို့ လိုပါတယ်။
အရည်အသွေးမကောင်းတဲ့ ကိုယ်ဝန်တားဆေး/ပစ္စည်းတွေ သုံးမိရင်…
အရည်အသွေး မကောင်းတဲ့ ကိုယ်ဝန်တားဆေးတွေက အာနိသင်အပြည့်အဝ မပါဝင်နိုင်တာမို့ ကိုယ်ဝန်တားနိုင်စွမ်းက မသေချာတာမျိုး ရှိနိုင်ပါတယ်။
ဘေးထွက်အာနိသင်ကလဲ ပိုမိုခံစားရနိုင်ပြီး ဆေးအာနိသင် ရှိတဲ့ သက်တမ်းကလည်း တိုနိုင်တာကြောင့် ဆေးသောက်နေပေမယ့် ဘာမှ မထူးဘဲ ကိုယ်ဝန်ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလို အရည်အသွေးမသေချာတဲ့ ဆေးတွေ မသုံးရအောင်လို့ “စိတ်ချ” ဆေးကတ်က ကူညီပေးနေပါပြီ။
အိန္ဒိယနိုင်ငံမှ အရည်အသွေးပြည့်မီတဲ့ ဆေးဝါး စက်ရုံတွေက ထုတ်လုပ်ပြီး ထုတ်လုပ်မှုကနေတဆင့် ဆေးဆိုင်တွေမှာ ရောင်းချသည်အထိ သတ်မှတ် စံနှုန်းတွေအတိုင်း အတိအကျ ဆောင်ရွက်ထားတာကြောင့် အရည်အသွေးက လုံးဝစိတ်ချရတယ်ဆိုတာကို သုံးဖူးသူတွေ သိပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး မလိုချင်တဲ့ ကိုယ်ဝန်မရဖို့ “စိတ်ချ”ကို အခုပဲ ပြေးဝယ်လိုက်ပါနော်။
#စိတ်ချမှစိတ်ချရမယ် #Sure
Published on March 21, 2026
Back to Articles